၃ အောက်တိုဘာ

 

 

ဟောင်ကောင်ရှိ ဆန္ဒပြပွဲများအတွင်း  သတင်းရယူနေသည့် အင်ဒိုနီးရှား သတင်းထောက် တစ်ဉီးမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်သော ရော်ဘာ ကျည်ဆံတစ်တောင့် ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။

 

 

အဆိုပါ သတင်းထောက်၏ ရှေ့နေက သူ၏ ညာမျက်စိမှာ လုံးဝကွယ်သွားမည့် အနေအထားရှိကြောင်း ယမန်နေ့က ဟောင်ကောင် မီဒီယာများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

 

 

သူကို ရော်ဘာကျည်ဆံ ထိမှန်ချိန်တွင် ၎င်းသည် စာနယ်ဇင်းတံဆိပ် ကပ်ထားသည့် အဝါရောင် တီရှပ်ကို ဝတ်ဆင်ထားခဲ့ပြီး တံတားပေါ်တွင် ရှိနေခဲ့သည်ဟု ဆိုသည်။ အင်ဒိုနီးရှားရှိ ဟောင်ကောင် သတင်းစာတွင် သူမ၏ ဒဏ်ရာရရှိမှုကို ဖုံးကွယ်ထားခဲ့သည်။

 

 

ဟောင်ကောင်ရှိ အစွန်းရောက် ဆန္ဒပြပွဲများအတွင်း သတင်းထောက် အများအပြားမှာ ဒဏ်ရာရလျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်