၃၀ သြဂုတ်

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ Cathay Pacific လေကြောင်းလိုင်း ဝန်ထမ်းတွေကို အလုပ်ဖြုတ်မယ်လို့ သတိပေးလိုက်ပါတယ်။ 

 

ဟောင်ကောင်အလံပါရှိတဲ့ Cathay Pacific လေကြောင်းလိုင်းမှာ ဝန်ထမ်းပေါင်း ၂၇,ဝ၀ဝ ဦး ရှိပါတယ်။ ကတ်သီကုမ္ပဏီရဲ့ ဒါရိုက်တစ်ဦးဖြစ်တဲ့ တွမ်အိုဝင်က တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြုလုပ်ဖို့ပြင်ဆင်ထားတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့မယ်ဆိုရင် အလုပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်။ ဝန်ထမ်းတိုင်းက ပုံမှန်အလုပ်ကို လုပ်ဖို့မျှော်လင့်တယ်။ လေယာဉ်ဝန်ထမ်းတွေကို အနီးကပ်စောင့်ကြည့်သွားမယ်။ ဝန်ထမ်းစည်းမျဉ်းကို ချိုးဖောက်ပါက အလုပ်ကနေ ရပ်ဆိုင်းလို့ ပြောပါတယ်။ 

 

ဆန္ဒပြပွဲကိုထောက်ခံတဲ့အတွက် လေယာဉ်မှူးနှစ်ဦး အပါဝင် ဝန်ထမ်း လေးဦးကို အလုပ်ကဖြုတ်ပြီး ဖြစ်ပါတယ်။ ငါးယောက်မြောက် အလုပ်က ဖြုတ်ခံရတဲ့ ရီဘက်ကာစီ ဟာ တရုတ်နိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်ကနေ ဖြုတ်ချခဲ့ပြီး နောက်တစ်ရက်မှာ ဖြေရှင်းချက်မပါရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။ 

 

လေကြောင်းလိုင်းဘက်က ဝန်ထမ်းတွေကို အသေးစိတ်စောင့်ကြည့်နေတဲ့အတွက် ဆန္ဒပြပွဲကို ထောက်ခံဖူးတဲ့ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေကို ဖျက်နေကြတာကိုလည်း တွေ့ရပါတယ်။ 

 

လေကြောင်းလိုင်းက ခွင့်ပြုမိန့်မရရှိတဲ့ ဆန္ဒပြပွဲတွေကို ဝန်ထမ်းတွေ ပါဝင်ခဲ့မယ်ဆိုရင် လုံးဝလက်မခံနိုင်ကြောင်း ဝန်ထမ်းစည်းမျဉ်းမှာ ထည့်သွင်းလိုက်ပါတယ်။ 

 

MDN
ကိုးကား-AFP