ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား တိုက်ခိုက်မှုများ ဖြစ်ပွား

၁၅ ဇူလိုင်

ဟောင်ကောင်ရှိ အငြင်းပွားဖွယ်ဥပဒေကြမ်းဆန္ဒပြမှုအတွက် ပြည်သူနှင့် ရဲတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

 

z2

 

တနင်္ဂနွေနေ့က Sha Tin ခရိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁၅၀ဝ၀ပါဝင်ဆန္ဒပြခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ 

ချီတက်ပွဲပြီးနောက် ဆန္ဒပြသူအချို့သည် လမ်းများနှင့်အခြားဒေသများကို သိမ်းပိုက်ခဲ့ကြသည်။ဆန္ဒပြပွဲ ဦးဆောင်သူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းရန် ကြိုးပမ်းခဲ့သည်။

ဈေးဝယ်စင်တာတစ်ခုအနီးရှိ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖယ်ရှားရန် ကြိုးပမ်းခဲ့ရာ အငြင်းပွားမှုများ ပိုမိုဖြစ်ပွားခဲ့သည်။ 

ပထမဆုံးအကြိမ် ဥပဒေကြမ်းဆန္ဒပြမှုသည် တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆန္ဒပြသူများက ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့၏ လုပ်ရပ်များကို ပြစ်တင်ဝေဖန်လျက်ရှိသည်။

ထိုဥပဒေသည် ဟောင်ကောင်မှ ရာဇဝတ်မှုသံသယရှိသူကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်ရန် ရေးဆွဲခဲ့သည့် ဥပဒေဖြစ်သည်။ 

ပြီးခဲ့သည့်အပတ်က ထိုဥပဒေမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဟောင်ကောင် အမှုဆောင်ချုပ် ကယ်ရီလန်က ပြောကြားခဲ့ပြီး ဆန္ဒပြသူများကို တရားဝင် ဆုတ်ခွာသွားရန် တောင်းဆိုခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်