၆ မေ
ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုများအကြား လူမှုရေးကန့်သတ်ချက်များကို ဖြေလျော့ပေးသည့်အနေဖြင့် မေလကုန်မှစ၍ ကျောင်းများကို တဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်ရန် ဟောင်ကောင်အစိုးရက စီစဉ်လျက်ရှိသည်။
ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်က အင်္ဂါနေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်ရှိ ကျောင်းများကို ဇန်နဝါရီလနှောင်းပိုင်းမှ စတင်ပြီး ပိတ်ထားခဲ့ခြင်းဖြစ်ပြီး မေလ ၂၇ ရက်နေ့တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စီစဉ်လျက်ရှိသည်။
လာမည့် သောကြာနေ့မှ စတင်ပြီး အားကစားရုံများနှင့် ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ရန် အစိုးရက စတင်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ အခြေအနေတွင် လူလေးဦးထက် ပိုပြီးစုဝေးခြင်းကို တားမြစ်ပြီး ရှစ်ဦးပိုပြီး စုဝေးခြင်းမပြုရန် တားမြစ်မည်ဖြစ်သည်။
ဟောင်ကောင်တွင် ကိုရိုနာကူးစက်ခံရသူပေါင်း ၁၀၄၁ ဦးရှိကြောင်း ဟောင်ကောင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဧပြီ ၂၀ ရက်နေ့နောက်ပိုင်းမှ စတင်ပြီး ရောဂါဖြစ်ပွားသူ အသစ်မတွေ့ရှိခဲ့ရပေ။
ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားရန် အစိုးရက ပြည်သူများသို့ တိုက်တွန်းလျက်ရှိသည်။
ဒေသခံသုတေသနဌာနတစ်ခုမှ တီထွင်ထားသည့် ပြန်လည်အသုံးပြုနိုင်သည့် မျက်နှာဖုံးများကို ဖြန့်ဝေရန် အစိုးရက စီစဉ်ထားသည်။
မျက်နှာဖုံးများ ဖြန့်ဖြူးခြင်းကို ယခုလကုန်တွင် စတင်ပြီး ဖြန့်ဖြူးမည်ဖြစ်ပြီး အရွယ်ရောက်ပြီး ကလေးငယ်များမှစပြီး တစ်ဦးကို နှစ်ခုပေးမည်ဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်