ဟောင်ကောင်မှာ အားကစားခန်းမတွေ၊ ဘားတွေနဲ့ ရုပ်ရှင်ရုံများပါ ပြန်လည်ဖွင့်လှစ်

မေ

 

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ပြဋ္ဌာန်းထားတဲ့ တားမြစ်ချက်တွေ ရုပ်သိမ်းသွားပြီးနောက် ဒီနေ့ (သောကြာနေ့) မှာ အားကစားခန်းမတွေ၊ ဘားတွေနဲ့ ရုပ်ရှင်ရုံများပါ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

 

အားကစားခန်းမရဲ့ အပြင်ဘက်မှာ တန်းစီစောင့်နေတဲ့လူတွေကို ကိုယ်အပူချိန်တိုင်းပြီးမှ အထဲကို ဝင်ခွင့်ပေးခဲ့တာဖြစ်ကြောင်း၊ ယောဂ သင်တန်းရဲ့ ပထမအချိန်အတွက် လူအပြည့်ဖြစ်သွားပြီလို့ ယောဂဆရာမက ပြောပါတယ်။

 

ဟောင်ကောင်ရဲ့ ဖျော်ဖြေရေးခန်းမတွေဟာ ဧပြီလဆန်းပိုင်းက ဒုတိယအကြိမ် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု အချိန်မှာ ပိတ်လိုက်တာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ အရေအတွက်အဟာ ၁၀ ဦးအောက်နည်းတဲ့ ပမာဏသာ တွေ့ရှိနေခဲ့တာ ၁၈ ရက်ရှိကြောင်း အဲဒီ ၁၈ ရက်အတွင်းမှာ ၁၀ ရက်ဟာ ရောဂါပိုး လုံးဝမတွေ့ရှိကြောင်း သိရပါတယ်။

 

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူပေါင်း ,၀၄၅ ဉီးရှိပြီး သေဆုံးသူ ဦးသာရှိကြောင်း မေ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN
ကိုးကား - AFP