၂၇ ဇူလိုင်
ဟောင်ကောင်မှာ တစ်ကျော့ပြန် ဗိုင်းရပ်စ်ပိုးကူးစက်မှုကို နှိမ်နင်းရန် အိမ်အပြင်ထွက်သူတိုင်း ဗုဒ္ဓဟူးနေ့ကစပြီး နှာခေါင်းစည်း ဝတ်ကိုဝတ်ဆင်ရမယ်လို့ ဒီကနေ့ (တနင်္လာနေ့) မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အရေအတွက်ဟာ သိသိသာသာ များနေတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို နှိမ်နင်းရန် လူနှစ်ဦးထပ်ပိုပြီး မစုစည်းရန်၊ စားသောက်ဆိုင်များတွင် စားသုံးခွင့် မရှိတော့ဘဲ ပါဆယ်အဖြစ်သာ ရောင်းချရန်နဲ့ လူတိုင်း နှာခေါင်းစည်း ဝတ်ဆင်ရန် စည်းကမ်းချမှတ်လိုက်ကြောင်း လုံခြုံရေးအကြီးအကဲ မတ်သရူးချောင်ကပြောပါတယ်။ အခုထုတ်ပြန်တဲ့အမိန့်ဟာ ဗုဒ္ဓဟူးနေ့ကစပြီး အသက်ဝင်မယ်လို့ ဆိုပါတယ်။
ဇူလိုင်လဆန်းပိုင်းကစပြီး ဗိုင်းရပ်စ်ပိုး ကူးစက်မှု တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့အတွက် လူပေါင်း ၁,ဝ၀ဝ ကျော်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ငါးရက်က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက် နေ့စဉ် ၁၀ဝ ကျော်ရှိနေကြောင်း၊ အခုဆိုရင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂,၆၀ဝ ရှိပြီး သေဆုံးသူ ၁၉ ဦးရှိကြောင်း သိရပါတယ်။
အခုထုတ်ပြန်ချက်ကို လူတိုင်းလိုက်နာနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နေအိမ်တွေမှ အလုပ်လုပ်ရန် အလုပ်ရှင်တွေက ခွင့်ပြုသင့်ကြောင်းပါ လုံခြုံရေးအကြီးအကဲက ထည့်သွင်း ပြောကြားပါတယ်။
MDN
ကိုးကား - AFP