ရန်ကုန် ၊  ၅   ဖေဖော်ဝါရီ

 

ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ပြန်မည့် နိုင်ငံသား ၇၉ ဦးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း( Myanmar National Airlines )မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် အမည်ပေးသွားထားသော ဦးရေအတိုင်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ရှိ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိသူ ၇၉ ဦးမှာ ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ ရန်ကုန်မြို့အတွက် MNA Call Center +951 378603 -04-06-07-08 နှင့် Email: [email protected] ဖြင့်လည်းကောင်း၊ ဟောင်ကောင် MNA office မှ တိုက်ရိုက်ဝယ်ယူ လိုသူများအနေဖြင့် Viber/whatsApp:+852 98793859 နှင့် Email: [email protected] တွင်လည်ကောင်း၊ Credit Card ဖြင့် ဝယ်ယူလိုသူတို့အတွက် www.flymna.com ဖြင့် လေယာဉ်လက်မှတ်များကို ဝယ်ယူနိုင်သည်။

 

ခရီးစဉ်တွင် လိုက်ပါခွင့်ရရှိသူအားလုံးသည် လေယာဉ်မထွက်ခွာမီ ၇၂ နာရီအတွင်း COVID-19 PCR Test ဆေးစစ်မှုခံယူထားသော ဆေးစစ်ချက်ရလဒ်များကို ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲ ၃ နာရီနောက်ဆုံးထား၍ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး အီးမေးလ် [email protected] သို့ ပေးပို့ရန်နှိုးဆော်ထားပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော သီးသန့်စောင့်ကြပ်ကြည့်ရှုခြင်း အစီအစဉ်များကိုလည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

 

ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ရန်ကုန်မှဟောင်ကောင်သို့ ခရီးစဉ်အမှတ် UB 8029 ဖြင့် နံနက် ၈ နာရီ မိနစ် ၅၀၊ မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ ဟောင်ကောင်မှရန်ကုန်သို့ ခရီးစဉ်အမှတ် UB 8030 ဖြင့် မွန်းလွဲ ၃ နာရီ၊ ညနေ ၄ နာရီ ၄၅ မိနစ်တွင်လည်ကောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်