မိုင်းခတ် ၁၀  ဇွန်


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းနှင့် လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော်သည့် ဆိုလာလမ်းမီးတိုင်စိုက်ထူခြင်းလုပ်ငန်းတို့ အောင်မြင်ပြီးစီးမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဝမ်ခုတ်အုပ်စု၊ ဟွေဆိုင်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

1

 


အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးရန်ကျော်နှင့် မြို့မိမြို့ဖ ဦးအောင်သန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကျင့်ဆွမ်းထန်နှင့် ကောင်မတီဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ စိုက်ပျိုးရေး၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ၊ ကျေးရွာသူကျေးရွာသားများ စုစုပေါင်း (၆၀)ကျော် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN