ပေါ့သ်အူပရင့်စ်   ဇန်နဝါရီ   ၁၅

ဟေတီနိုင်ငံ၌  ၂၀၂၄  ခုနှစ် ဒီဇင်ဘာလအထိ ပြည်တွင်းနေရပ်စွန့်ခွာ သူပေါင်း ၁ ဒသမ ၀၄၁ သန်းကျော်ရှိကြောင်း ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (အိုင်အိုအမ်) က ပြောသည်။ အဆိုပါ ပမာဏမှာ  နိုင်ငံ့လူဦးရေ  စုစုပေါင်း၏   ၉ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ   ၁၄  ရက်တွင်  အိုင်အိုအမ်၏အစီရင်ခံဖော်ပြချက်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၃၁၅၀၀ သာရှိသည့်အတွက်  ယမန်နှစ်တွင် နေရပ်စွန့်ခွာ လာသူပေါင်း သုံးဆကျော်မြင့်တက်ကြောင်း သိရသည်။

အကြမ်းဖက်မှုများ    ဆက်တိုက်ဖြစ်ပေါ်နေမှုက    ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကဲ့သို့   မရှိမဖြစ်အရေးပါသော ဝန်ဆောင်မှုဌာန ပြိုလဲမှုများကိုဖြစ်ပေါ်စေသည်။ ထို့ပြင်  စားရေ ရိက္ခာ မလုံလောက်မှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းသည် ပြည်တွင်းနေရပ်စွန့်ခွာသူ  အရေအတွက်   ပိုမိုများပြားလာခြင်း၏နောက်ကွယ်မှ   အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာတွင်  နိုင်ငံ၏မြို့တော်  ပေါ့သ်အူပရင့်စ်၌ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်မှာ ၈၇ ရာခိုင်နှုန်းရှိသောကြောင့် နှစ်ဆခန့်မြင့်တက်လာကြောင်း ဖော်ပြ ထားသည်။ နေရပ်စွန့်ခွာလာသူများအနက် ကလေးငယ်များမှာ ဆိုးဆိုးရွားရွား ထိခိုက် ခံစားရလျက်ရှိပြီး အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနှင့် သန့်ရှင်းသော သောက်သုံးရေအရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။   

ဆင်ဟွာ