၁ မေ

ဒတ်ချ်တောင်ပိုင်း လင်းဘတ် ပြည်နယ်ရှိ ဟီရာလန်တွင် ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်သည့် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒတ်ချ်ပြည်သူ့အစိုးရရှေ့နေက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နယ်သာလန် လုံခြုံရေးဌာနမှ သတင်းအချက်အလက်ပေါ်တွင် အခြေခံပြီး ထိုအကြမ်းဖက်မှုသံသယရှိသူကို သောကြာနေ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း သိရသည်။

ဟီရာလန် မှ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို လက်နက်များရှာဖွေနေကြောင်း စွပ်စွဲကာ သောကြာနေ့ညနေပိုင်းက ၎င်းကို နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ရှာဖွေမှုများလုပ်ဆောင်စဉ်၎င်း၏ မိုဘိုင်းဖုန်း၊ လက်တော့ပ်၊ စာရွက်စာတမ်းများ၊ ကျည်ကာအင်္ကျီများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည် ဟု ဖော်ပြထားသည်။

ထိုသောကြာနေ့ညနေမှာပဲ စီတပ် မှ အသက် ၂၁ နှစ်အရွယ်  ဒုတိယမြောက် သံသယ ရှိသူအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း နှင့် တတိယမြောက်သံသယ ရှိသူတစ်ဦးမှာ စီတပ် မှ  အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကိုမူ တနင်္လာနေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများမှာ အကြမ်းဖက်မှု လုပ်ဆောင်ခြင်း မရှိသော်လည်း လက်နက်များ ရောင်းဝယ်မှု သံသယရှိသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို