ဟီရိုရှီးမား ၇ ဩဂုတ်    

 

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် အမေရိကန်ပြည်ထောင်စုမှ ဒုတိယကမ္ဘာစစ် အဆုံးသတ်ရေးအတွက် အဏုမြူဗုံးကြဲချမှုခံရသည့် (၇၄)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကိုဩဂုတ် ၆ ရက်တွင် ကျင်းပသည်။

 

အဏုမြူဗုံးကြဲချထိမှန်ခံရသည့် မြေပြင်အမှတ်အသားဖြစ်သည့် နေရာအနီးရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံတွင် ယင်းနှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး    အခမ်းအနားသို့   နိုင်ငံပေါင်း   ၉၀   မှကိုယ်စားလှယ်များနှင့်အတူ     လူပေါင်း    ၅၀ဝ၀ဝ   ခန့်တက်ရောက်ဆုတောင်းခဲ့ကြသည်။

 

ယင်းအခမ်းအနားတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဖွင့်မိန့်ခွန်းပြောကြားသည်။  ဝန်ကြီးချုပ်အာဘေးက ကမ္ဘာပေါ်တွင် အဏုမြူလက်နက်များ ကင်းရှင်းရေးအတွက်  ၎င်း၏  အဖွင့်မိန့်ခွန်းတွင်  ဆန္ဒပြု ပြောကြားခဲ့သည်။

 

ယူရေနီယံကို အဓိကပေါက်ကွဲမှုစွမ်းအင်အဖြစ် အသုံးပြုထားသည့် “ချာတိတ်” အမည်ရှိ အဏုမြူဗုံးကိုဂျပန်နိုင်ငံ  အနောက်ဘက်ပိုင်းရှိ  ဟီရိုရှီးမားမြို့ပေါ်တွင်အမေရိကန်    ဗုံးကြဲလေယာဉ်တစ်စင်းက  ၁၉၄၅  ခုနှစ်ဩဂုတ် ၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင်  ကြဲချခဲ့ရာ    ယင်းအဏုမြူဗုံးပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူဦးရေ ၁၄၀ဝ၀ဝ သေဆုံးခဲ့ရသည်။

 

၁၉၄၅ ခုနှစ်   ဩဂုတ်  ၉  ရက်တွင်  ဂျပန်နိုင်ငံမှ နာဂါဆာကီမြို့သည်လည်း   အလားတူပင်  အဏုမြူဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။  ယင်းသို့  အဏုမြူဗုံးများ  ကြဲချတိုက်ခိုက်ခဲ့ခြင်းမှာ  ဒုတိယကမ္ဘာစစ်ပွဲအား  အဆုံးသတ်နိုင်ရေးအတွက် ဂျပန်နိုင်ငံက    လက်နက်ချရေး ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။            

                                 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း