နယူးဒေလီ   မတ်   ၁၁

မတ် ၁၁ ရက်တွင် ဟိုက်ဒရာဘတ်မြို့မှ ထိုင်းနိုင်ငံသို့ ပျံသန်းထွက်ခွာလာသော ခရီးသည် ၁၃၂  ဦးပါရှိသည့် အဲယားအိန္ဒိယအိက်စ်ပရက်စ် လေယာဉ်တစ်စင်းသည် ဖူးခက်လေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်၏ ရှေ့ဘီးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း  တာဝန်ရှိသူများက   ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် လေဆိပ်ကို မတ် ၁၁ ရက် ညနေခင်းအထိ ပိတ်ထားခဲ့ရသည်။ သတင်းများအရ အဲယားအိန္ဒိယ အိက်စ်ပရက်စ် လေယာဉ် IX 938 သည် ဘိုးရင်း  737 Max 8 အမျိုးအစား လေယာဉ်ဖြစ်ပြီး မတ် ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၃ မိနစ်တွင်   ဟိုက်ဒရာဘတ်မြို့မှ ထွက်ခွာခဲ့ပြီးနောက် ဖူးခက်လေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ရောက်ရှိလာပြီး  ခက်ခက်ခဲခဲဆင်းသက်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် သို့မဟုတ် လေယာဉ်အမှုထမ်း မည်သူမည်ဝါ  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းဖော်ပြချက်မျိုးမရှိပေ။  မတော်တဆဖြစ်ပွားပြီးနောက်  အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့နှင့် လေဆိပ်အာဏာပိုင်များသည် အဆိုပါနေရာသို့ အလျင်အမြန်ရောက်ရှိလာပြီး ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။ 

ဆင်ဟွာ