လင်းခေး ဩဂုတ် ၂၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဟိုမိန်းမြို့ ပြည်သူ ၃၂ ဦးအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ထုတ်ပေးခြင်းကို ဩဂုတ် ၁၉ ရက်က လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ရာတွင် လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးထွန်းလှကျော်တို့က ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းလျှောက်ထားသည့် ဟိုမိန်းမြို့ ပြည်သူ ၃၂ ဦးအတွက် ပေးအပ်ကြရာ လျှောက်ထားသူများ ကိုယ်စား ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးဌေးအောင်က လက်ခံ ရယူခဲ့သည်။

စိုင်းဇော်လတ်(ပြန်/ဆက်)