ဟိုင်းကြီးကျွန်း မတ် ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မတ် ၁၂ ရက် မွန်းလွဲပိုင်းက ကြာကန်ကျေးရွာ ပင်လယ်ကမ်းခြေတွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အဏ္ဏဝါကျေးရွာနေ ဦးမြင့်လွင်က ကမ်းဆွဲပိုက်ဖြင့် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်စဥ် လင်းပိုင် ၁၅ ကောင်အား ငါးဖမ်းပိုက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သော လင်းပိုင်များအား ပင်လယ်ပြင်သို့ ချက်ချင်းပြန်လွှတ်ပေးနိုင်ခဲ့ကာ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

အဆိုပါလင်းပိုင်များသည် သဘာဝရေမှော်များအား လာရောက်စားသုံးစဥ် ငါးဖမ်းပိုက်၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖမ်းဆီးရမိမှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကြာကန်ကမ်းခြေအား မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း ငါးမဖမ်းဆီးရနယ်မြေအဖြစ် ကန့်သတ်တားမြစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။

 

လှိုင်မျိုးအောင်(ပြန်/ဆက်)