ဟိုင်းကြီးကျွန်း မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်း၍ စုပေါင်းဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက ပမ္မဝတီမြို့ပတ်လမ်းဘေး ဝဲယာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းက စိုက်ပျိုးမည့် သစ်ပင်များအား ဌာနဆိုင်ရာများနှင့် ပြည်သူများထံ ပေးအပ်ပြီး သမှည့်ပင် ၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)