ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ  ဒေါက်တာမတင်ဝင်း ရေးသားသော "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး  ဒေါ်နွေးနွေးအောင် က လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများ ကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာပေချစ် သူများအချင်းချင်း တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားသည်။

ထို့နောက်   စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း( Book Club)မှ စာပေဝါသနာရှင်များက စာရေးဆရာမ ဒေါက်တာ မတင်ဝင်း ရေးသားသော "အလုပ်ဆိုတာအင်အားပါ "စာအုပ်တွင် ပါရှိသည့် "အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ၊ အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါ ကျန်းမာစေဖို့လိုပါတယ်၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါ ပါစေ"စသည့် ခေါင်းစဉ်များတွင် ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန်  ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နွေးနွေးအောင် (ပြန်/ဆက်)