ဟိုပင်မြို့အနီး ၃ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်

နေပြည်တော် ၂၂ ဇန်နဝါရီ

 

ယနေ့ ည ၆ နာရီ ၅၇ မိနစ် ၄၄ စက္ကန့်တွင် ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၁၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN