ဟိုပင် ၂၃ မတ်
COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ PPE ဝတ်စုံ၊ Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မေတ္တာရိပ်အသင်းက ပေးအပ်လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ ခွဲစိတ်ခန်းသုံးဝတ်စုံ (PPE) ၄ စုံ၊ Hand Gel နှင့် လက်ဆေးဆပ်ပြာရည်များကို ပြည်နယ် စိုက်ပျိုး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ဟိုပင်မြို့ ပြည်သူဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာမျိုးဝေ ထံ ပေးအပ်ခဲ့သည်။
မေတ္တာရိပ်အသင်းအနေဖြင့် ဆေးရုံအတွက်လိုအပ်သော ဆေးဝါးပစ္စည်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မေတ္တာရိပ်အသင်း အတွင်းရေးမှူး ဒေါက်တာသန်းထွန်းက ပြောသည်။
ထို့ပြင် မေတ္တာရိပ်အသင်းအနေဖြင့် ဟိုပင်မြို့ရှိ ဌာနဆိုင်ရာရုံးများအတွက် Hand Gel နှင့် လက်ဆေးဆပ်ပြာ ရည်များကို လှူဒါန်းခဲ့ပြီး ဆေးရုံအတွက်လိုအပ်သော ဆေးဝါးပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းသွား မည်ဖြစ်ကြောင်း မေတ္တာရိပ်အသင်း အတွင်းရေးမှူး ဒေါက်တာသန်းထွန်းက ပြောသည်။
တိုးတိုးမေ(ဟိုပင်)


