ဟိုပင်     ၂၅  အောက်တိုဘာ 


ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် ရွှေပါရီကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ဟိုပင်မြို့အထက် တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ သုံးရက်ကြာနံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိ(တစ်ကြိမ်) မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ(တစ်ကြိမ်) (၁ရက်လျင်(၂)ကြိမ် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စမ်းသပ်စစ်ဆေးကုသပေးနေကြောင်း သိရသည်။

 

ေ

 


ကျန်းမာရေးအခမဲ့စောင့်ရှောက်မှုပေးမည့် ရောဂါများမှာ မျက်စိရောဂါ၊အထွေထွေရောဂါ၊ကလေး ရောဂါ၊အရေပြားရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊အရိုးအကြောရောဂါ၊ အထွေထွေခွဲစိတ်နှင့် သားဖွားနှင့်မီးယပ်ရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါစသည့် ရောဂါ(၁၀)မျိုးကို (၃)ရက်ကြာ အခမဲ့စမ်းသပ် စစ်ဆေးကုသပေးသွားမည်ဖြစ်သည်။

 

ေ

 

ယနေ့နံနက် ၁၀ နာရီ (ခွဲ)အချိန်အထိ ဆေးကုသခံယူမည့် ရောဂါအမျိုးအစားအလိုက် လူနာများမှာ အရေပြားရောဂါ ဉီးရေ ၁၅၀ ၊ကလေး ၁၆၈ ဦး၊သားဖွားမီးယပ် ၁၀၉ ဦး၊ အရိုးအကြော ဉီးရေ ၄၀ဝ ဦး၊ မျက်စိလူနာ ဉီးရေ ၁၆၀ ဦ၊သွားနှင့်ခံတွင်းလူနာ ၁၈၈ ဦး၊ဆီးနှင့်ကျောက်ကပ် ၃၅၉ဦး၊နား၊နှာခေါင်း၊လည်ချောင်း ၃၅၃ ဦး၊ အထွေထွေ ၆၉၃ ဦး စုစုပေါင်းလူနာ ၂၅၈၀ဦး ရောဂါစစ်ဆေးကုသခံယူရန် စာရင်းပေးသွင်းခဲ့ကြောင်း သက်ဆိုင်ရာ ရောဂါဌာနအလိုက် တုံကင်စာရင်းပေးသွင်းရသည့် ဌာနများမှစာရင်းဇယားများအရ သိရပြီး အဆိုပါ စမ်းသပ်စစ်ဆေးကုသမှုအရ ခွဲစိတ်ကုသရန်လိုအပ်မည့်လူနာများ၏ ရောဂါအခြေအနေပေါ်မူတည်၍ မိုးညှင်း၊ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်အစရှိသည့် ဆေးရုံများသို့ ဆက်လက်လွှဲပြောင်းကုသရန် စေလွှတ် သွားမည်ဖြစ်ကြောင်း တွဲဖက်တာဝန်ခံ ဦးသန်းဝင်းထံမှသိရသည်။

 

ေ

 

ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေပါရမီဖောင်ဒေးရှင်မှ အထူးကုဆရာဝန်ကြီး များကြီးကြပ်မှုနှင့်အတူ လူဦးရေ ၁၂၃ ဦးအား ဖြည့်ဆောင်ရွက်ပေးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှု၊ဟိုပင်ဒေသမှ ပရဟိတအဖွဲ့များ၊ မြို့ပေါ်ကိုယ်ပိုင်ကျောင်းများမှ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များစုစုပေါင်းအင်အား ၅၀ဝ ကျော် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)