ဟိုပင်  ၁၉  ဇူလိုင်  


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ (၇၂) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ  ၃၇ မိနစ်တွင် အ.ထ.က(၁) အာဇာနည်ဗိမာန်ရှေ့၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ဟိုပင်မြို့ ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ၊ အ.ထ.က ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ၊ ဒေါ်ခင်သန်းမှုကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ NLD ပါတီဝင်များ၊ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက် အလေးပြုကြပြီး “အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း” သီချင်းဖြင့် အတူတကွ ဂုဏ်ပြုသီဆို ပိတ်သိမ်းခဲ့သည်။ 


ထို့ပြင် ဇူလိုင် ၁၉ ရက် နံနက် ၅ နာရီက အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားတော်များ နာကြားခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

                                            
တိုးတိုးမေ - ဟိုပင်