ဟိုပင်  ၁  ဇန်နဝါရီ

 

အခြေခံကင်းထောက် ဆင့်ပွားသင်တန်းဆင်းပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ ဟိုပင်မြို့ ဒေါ်ခင်သန်းမူ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ကင်းထောက်သင်တန်းဆင်းပွဲတွင် ကင်းထောက်မောင်မယ်များက ကင်းထောက်ဂုဏ်ရည် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ဟိုပင်မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်က အမှာစကား ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် သင်တန်းတွင် တတ်မြောက်မှုဆန်းစစ်လွှာ၊ ခြေလျင်၊ ခရီးသွား၊ စူးစမ်းလေ့လာ စုပေါင်းအဖြေရှာ တီထွင်ဖန်တီးနိုင်မှုအဖွဲ့၊ အကတင်ဆက်မှုအဖွဲ့၊ ကြံဆတီထွင် ပုံရိပ်သွင်နှင့် လက်မှုပညာ ထူးချွန်ဆုအဖွဲ့ စသည့် ထူးချွန်ဆုရရှိသော ကင်းထောက်မောင်မယ်များအား တစ်ဦးချင်းဆု၊ အဖွဲ့လိုက်ဆု ဆုပေါင်း ၁၂ ဆုကို တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

 

mdn

 

သင်တန်းကို တက်ရောက်ခဲ့သည့် ကင်းထောက်မောင်မယ်များအနေဖြင့် ဗဟုသုတများစွာရရှိပြီး ကင်းထောက်များ၏ ကတိ ၃ ပါးနှင့် ကျင့်ဝတ် ၁၀ ပါးတို့ကို သဘောပေါက်နားလည်၍ လက်တွေ့အသုံးချ နိုင်တော့မည်ဖြစ်ကြောင်း ကျောင်းသားတစ်ဦးက ပြောသည်။

 

တိုးတိုးမေ(ဟိုပင်)

 

mdn