ဟိုပင် ၂၇ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မူလွန်−မြစံပယ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေ က ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် ငလျှင်ဘေးစသည့် ဘေးအန္တရာယ် ၈ မျိုးနှင့် ပတ်သက် ၍ဆောင်ရန်၊ ရှောင်ရန်များနှင့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး ပြောကြားပြီး မူလွန်−မြစံပယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြကြည် က အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြား ခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲတွင် ဦးစီးမှူး ဒေါ်တိုးတိုးမေက ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူ ၁၄၈ ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ် အသိပညာပေး ရွှေနဒီနံရံကပ်စာစောင်၊ တိုင်းရင်းသားရိုးရာ စာအုပ်စာစောင်များနှင့် ဓါတ်ပုံပြပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ-ဟိုပင်


