ဟိုပင်၌ ကိုကာ-ကိုလာ လက်လီစီးပွားရေး ကျွမ်းကျင်မှုသင်တန်းဖွင့်

ဟိုပင် ၅ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ကိုကာကိုလာတို့ ပူးပေါင်း၍ ကိုကာကိုလာ လက်လီစီးပွားရေး ကျွမ်းကျင်မှုသင်တန်းကို ဇန်နဝါရီ ၅ ရက် နံနက်  ၉ နာရီ  မိနစ် ၃၀ က ကျင်းပရာ ကချင်ပြည်နယ်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး၀င်းနိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းတို့က  အမှာစကားပြောကြားကြပြီး အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန(MSME) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းသန့်က MSMEအကြောင်းများ ပြောကြားသည်။ ဆက်လက်၍ ကိုကာကိုလာ လက်လီစီးပွားရေးကျွမ်းကျင်မှုသင်တန်းမှ သင်တန်းပို့ချသူ ဒေါ်ယမင်းအောင်ဆွေက သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများအားရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ဒေါ်ယမင်းအောင်ဆွေက စျေးကွက်ရှာဖွေခြင်း၊ စျေးကွက်သုတေသနပြုလုပ်ခြင်း စျေးကွက်ပေါင်းစည်းခြင်း၊ အခြေခံစာရင်းမှတ်သားခြင်း၊နေ့စဉ်ငွေသားအရောင်းစာရင်း၊ ပေးရန်ရှိသောအကြွေးစာရင်း၊ အသေးစိတ်ကုန်ကျစရိတ်စာရင်း၊ ကုန်ပစ္စည်းစာရင်းထိန်းသိမ်းပြုစုခြင်း၊ ကုန်ပစ္စည်းစာရင်းမှတ်သားခြင်း၊ ကုန်ပစ္စည်းစာရင်းစစ်ဆေးခြင်း၊ ၀န်ထမ်းရေးရာ စီမံခန့်ခွဲခြင်း၊ အနယ်နယ်အရပ်ရပ်မှ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ပေးခြင်း၊ SME  လုပ်ငန်းရှင်များအတွက် ချေးငွေဆိုင်ရာ အချက်အလက်များအား ဆောင်ရန်၊ ရှောင်ရန် ပညာပေးခြင်း အစရှိသော လက်လီစီးပွားရေး ကျွမ်းကျင်မှုများကို ပို့ချမည်ဖြစ်ပြီးဟိုပင်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်  ၂၈ ဦးတို့အား ၂ ရက်ကြာပို့ချ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

 

၄င်းသင်တန်း တက်ရောက်ရခြင်းကြောင့် မိမိ၏လက်ရှိစီးပွားရေးလုပ်ငန်းသည် ယခုထက်ပိုမိုကောင်းမွန်၍ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သင်တန်းသူ ၁ ဦးက ပြောကြားခဲ့သည်။

 

(တိုးတိုးမေ-ဟိုပင်)