ပင်  ၂၉    နိုဝင်ဘာ      

                

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊  ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို  နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ကျင်းပရာ ဟိုပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ကျောင်းသားလူငယ်များ စာဖတ် စွမ်းရည်မြှင့်မားပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ မကြောက်မရွံ့ ပြောဆိုတတ်စေရန်၊  စာအုပ်စာပေ များနှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊  မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ AIDS ခုခံအား ကျဆင်းမှု ကူးစက်ရောဂါအကြောင်း အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာ ပေး  ပြောကြားခဲ့ပြီး  စာရေးဆရာမ စောငယ်ငယ်(မိုးညှင်း)က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ နှင့် ပြိုင်ပွဲသုံးသပ် ချက်များကို  ရှင်းလင်းပြောကြား ခဲ့ကြသည်။

 

2

 

ဆက်လက်၍  ဟိုပင်မြို့အတွင်းရှိ အ.လ.ကခွဲ အနောက်ကျောင်း၊ အ.မ.က မြစံပယ် မူလွန် ကျောင်း၊ အ.မ.က မြကျွန်းသာ မူလွန်ကျောင်းနှင့် အ.မ.က မြကန်သာ မူလွန်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၂၄ ဦးတို့က AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်သော ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူ  ၅ ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရှိသော ကျောင်းသားကျောင်းသူ ၅ ဦးတို့အား  ဆုတံဆိပ်နှင့် ကျောင်းသုံးဗလာ စာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေနှင့် တာဝန်ရှိသူများက ဆုများအသီး သီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

၄င်းနောက် ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ကျောင်းသား ကျောင်းသူများ  အသိပညာဗဟုသုတ ရရှိစေရန် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊  မူးယစ် ဆေးဝါးအကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်အသိ ပညာပေး  ရွှေနဒီ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲတို့ကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၅ ဦးတို့က လေ့လာကြည့်ရှု့  ခဲ့ကြကြောင်း သိရသည်။

 

တိုးတိုးမေ− ဟိုပင်