ဟိုပင်    ၁၁   ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အ.ထ.က မြသီတာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ကမ္ဘာ့ဆရာဝန်များအဖွဲ့တို့ ပူးပေါင်း၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်  ပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ဟိုပင်မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်က အမှာစကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ဟိုပင်မြို့ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ဗိုလ်ဗိုလ်ကျော်က တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လည်းကောင်း၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမျိုးဝေက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ကမ္ဘာ့ဆရာဝန်များ အဖွဲ့မှ လက်ထောက်စီမံချက်မန်နေဂျာ ဒေါက်တာမီမီသော်က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။

 

mdn

 

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၄င်းအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း  ၄၇၂ ဦး တို့အား မူးယစ်ဆေးဝါးအန္တရာယ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

 

တိုးတိုးမေ− ဟိုပင်