ဟိုပင် ၁၁ သြဂုတ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ မေတ္တာရိပ်အဖွဲ့ ဦးဆောင်၍ သြဂုတ် ၁၁ ရက် နံနက် ၇ နာရီက သွေးလွန်တုပ်ကွေ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို မြို့မတောင် ရပ်ကွက်နှင့် မြို့မမြောက်ရပ်ကွက်များသို့ အဖွဲ့ ၃၆ ဖွဲ့ခွဲကာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

 

2242

 

၄င်းလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ မြို့မိမြို့ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  မေတ္တာရိပ် အသင်းအဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ၊  ဘော်ဒါဆောင်တို့မှ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား ၁၈၀ ကျော်တို့က စုပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လောက်လန်းတွေ့ရှိ အိုး၊ ခွက်များအား သွန်မောက်ခြင်းနှင့် ရေကန်များအား ရေဖောက်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

2587

 

တိုးတိုးမေ(ဟိုပင်)