ဟိုပင် ၂၄ အောက်တိုဘာ
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်မှု၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း အဖွဲ့နှင့် ကချင်ပြည်နယ် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းကူညီမှုဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဟိုပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အထူးကု ဆရာဝန်ကြီးများ၊ အထူးကုသမားတော်ကြီးများကိုယ်တိုင်လာရောက်၍ အောက်တိုဘာ ၂၅ရက် နေ့မှ၂၇ ရက်နေ့အထိ အခမဲ့ ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည် ။
အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွင် ကုသပေးမည့်ရောဂါအမျိုးအစားများမှာ မျက်စိ၊ သွားနှင့်ခံတွင်း၊ နားနှာခေါင်းလည်ချောင်း၊အရိုးအကြော၊ အထွေထွေရောဂါ၊ အမျိုးသမီးရောဂါ၊ ကလေး၊ အရေပြားရောဂါ၊ အထွေထွေခွဲစိတ်၊ ဆီးနှင့်ကျောက်ကပ်စသည့် ရောဂါများအား အခမဲ့ စမ်းသပ် စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီတိုး


