ပန်လုံ ၃၀ ဇူလိုင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိမ်း ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများသည် အိမ်တိုင်ရာအရောက် ပေးအပ်ခဲ့ကြသည်။
ပန်လုံမြို့တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၂၂၆)စုအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် စုစုပေါင်းငွေကျပ် ၄၅၂၀၀၀၀ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ပန်လုံ(ပြန်/ဆက်)