ဟိုပန် ၇ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သတင်းရယူမည့် မီဒီယာများအတွက် မီဒီယာသက်သေခံကတ်ပြားများကို ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ထုတ်ပေး လျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်း မီဒီယာအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် လျှောက်ထားရမည်ဖြစ်ပြီး၊ နိုင်ငံတကာ သတင်းမီဒီယာများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်သည်။ မီဒီယာသက်သေခံကတ်ပြားများကို ခရိုင်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် အောက်တိုဘာလ(၂၃)ရက်အထိ လျှောက်ထား နိုင်ကြောင်း သိရသည်။
''ဝ''ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အောက်တိုဘာလ(၇)ရက်အထိ မီဒီယာ သက်သေခံကတ်ပြား လာရောက်လျှောက်ထားသူများမှာ ဟိုပန်မြို့နယ်၊ ပန်လုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း၊ ဟိုပန်သတင်းဌာနခွဲမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၆)ဦးသာ ရှိကြောင်း သိရှိရသည်။
#MRTV


