ဟိုပန် ၂၁ ဇူလိုင်
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့၌ အခွန်ပြေစာ အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် ၁၁ နာရီက ဟိုပန်မြို့နယ် အခွန်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အခွန်ဦးစီးမှူး ဦးအောင်သူရိန်ထွန်းက ဟိုပန်မြို့အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ ဖုန်းဆိုင်နှင့် ကုန်သည်ကြီးများအား ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ ဝင်ငွေခွန် (၅)ရာခိုင်နှုန်းကို စနစ်တကျပေးဆောင်ပြီး အခွန်ပြေစာ အမှတ်တံဆိပ်ခေါင်း ကပ်နှိပ်ရန် မိမိတို့ရငွေတွက်ချက်၍ ဝင်ငွေခွန်ထမ်းဆောင်ရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုင်းဇော်ခမ်း (ပြန်/ဆက်)


