နေပြည်တော် ဧပြီ ၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဟိုပန်မြို့နယ် မန်မိုင်ရပ်ကွက်မှ ရွှေဝါကျေးရွာသို့ ဆက်သွယ်သည့် ကျောက်ချောလမ်း ၁ မိုင်ခင်းခြင်း လုပ်ငန်းနှင့် Box Culvert ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၁၈၅ ဒဿမ ၂၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ သိရသည်။
အဆိုပါ ကျောက်ချောလမ်း ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ဟိုပန်မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာ ၁ ရွာ၊ အိမ်ခြေ ၁၃၆၆၊ လူဦးရေ ၈၉၆၇ ဦးတို့၏ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)