ဟိုပန် ဧပြီ ၁
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် ဇနီး ဒေါ်အားရီမိသားစုက ဟိုပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများ ကျန်းမာရေး ကောင်းမွန်စေရေးအတွက် အာဟာရ ကြက်ပေါင်းရည်ဘူးများကို မတ် ၃၁ ရက်က အဆိုပါကျောင်းဝင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ဇနီးက အထက(ဟိုပန်)စာစစ်ဌာန၌ ဖြေဆိုလျက်ရှိသည့် ကျောင်းသား ၃၀ နှင့် ကျောင်းသူ ၆၈ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၈ ဦးတို့အား တန်ဖိုးငွေကျပ် ၁၁ သိန်းရှိသည့် အာဟာရကြက်ပေါင်းရည်ဘူး များအား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)


