ဟိုပန်  ဒီဇင်ဘာ ၃၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေးလမ်းညွှန်ချက်၊ စည်းကမ်းချက်များကို​ ဟိုပန်မြို့ပေါ်ရှိ နောင်အွန် ကျေးရွာ နှင့်  ရွှေဝါကျေးရွာများသို့ သွားရောက်၍ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးခြင်းပြုလုပ်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာ​များရှိ မိဘပြည်သူများအနေဖြင့် အိုမီခရွန် အပါအဝင်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်​​ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ​လက်ကို စက္ကန့် နှစ်ဆယ်ကြာအောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်​​ကြရန်၊ ​ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိ​ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အ​မြန်ဆုံးသွားရောက်၍ ကျန်းမာရေးစစ်​ဆေးမှုများ စနစ်တကျခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာ​ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်​ပေးကြပါရန် စသည့်အချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့်  လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြ​ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)