ဟိုပန် ဒီဇင်ဘာ ၁၇

 

ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်တွင် ပြုလုပ်ခဲ့သည်။

 

လမ်းလျှောက်ပွဲသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ ပါဝင်ခဲ့ကြပြီး လွတ်လပ်ရေး ကျောက်တိုင်မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းအထိ စုပေါင်းလမ်းလျှောက်ကြကာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကွင်းတွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ အကြောလျှော့လေ့ကျင့်ခန်း၊ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအမှတ် () နှင့် () တို့ကို တပျော်တပါး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn