နေပြည်တော် ၁၃ ဇန်နဝါရီ
ဟိုပုံးမြို့နယ်၊ ဒုံကောင်ကျေးရွာအရှေ့တောင်ဘက် ၁ မိုင်ခန့် အကွာ၌ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက်တွင် အမြင့် ၁ ပေ ခန့်ရှိ ဘိန်းစိုက်ခင်း(၂၆)ဧကခန့်အား လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ထမ့်ယန်းကျေး ရွာ၌ ဘိန်းစိုက်ခင်း(၁၈)ဧကခန့်အား မိုင်းပျဉ်းမြို့နယ်၊ ဟွေလစ်ကျေးရွာ၌ ဘိန်းစိုက် ခင်း(၇)ဧကခန့်အားလည်းကောင်း ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN