နေပြည်တော် ၁၅ ဇန်နဝါရီ 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက်တွင် ဟိုပုံးမြို့နယ်၊ ထီတန်းလိကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၄ ပေခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၄ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ ကွန်ဟိန်းမြို့နယ်၊ ဝမ်ပတ်-လွယ်ဆိုင်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ်၌ အမြင့် ၁ ပေခန့် ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ ပချားကလို့ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ်၌ အမြင့် ၁ ပေမှ ၇ ပေခန့်ထိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်၊ မိုင်းယောင်းမြို့နယ်၊ ဖတ္တူကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေမှ ၂ ပေခွဲခန့်ထိ ဖွံ့ဖြိုး/သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်နှင့် နမ့်စန်မြို့နယ်၊ ဝမ်ချယ်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခွဲခန့် ဘိန်းစိုက်ခင်းအခြောက် ၃ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်း သိရသည်။

MDN
Source: ရဲပြန်ကြား