နေပြည်တော် ၃ ဒီဇင်ဘာ

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂ ရက်က စံဖူးကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိဖွံ့ ဖြိုးဆဲဘိန်းခင်း စုစုပေါင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ab22

 

အလားတူ ဖယ်ခုံမြို့နယ်၊ လွယ်လုံကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ အစေးခြစ်ဆဲဘိန်းခင်း ၁၀ ဧကခန့်နှင့် ကယားပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နားစေးစောက်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၃ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား