နေပြည်တော် ၂၇  ဇန်နဝါရီ  

 

ဟိုပုံးမြို့နယ်၊ ငိုချီးကျေးရွာတောင်ဘက်(၇)ဖာလုံခန့်အကွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၇)ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့ က ယမန်နေ့ နံနက် ၉နာရီခွဲတွင် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။    

 

အလားတူ ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၌ ဘိန်းစိုက်ခင်း(၉)ဧကခန့်၊ ငဖဲမြို့နယ်၊ အောက်ဆင်လမ်းကျေးရွာ၌ ဘိန်းစိုက်ခင်း(၂)ဧကခန့် ၊ မင်းတုန်း မြို့နယ်၊ တိုင်တမော့ရေစမ်းအနီး တောအတွင်း၌ ဘိန်းစိုက်ခင်း(၆)ဧကခန့် တို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN