ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့်(၃)ပေခွဲခန့်ရှိ ဘိန်းခင်း(၂၇)ဧကအား ဒီဇင်ဘာ ၂၀ ရက်က ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့က လည်းကောင်း၊ ပင်လောင်းမြို့နယ်၊ ကန့်ချုပ်ဒိုင်ကျေးရွာ၌ ဘိန်းခင်း (၁၁)ဧက၊ ဆီဆိုင်မြို့နယ် ထီအုံးစောက်ကျေးရွာ၌ ဘိန်းခင်း(၁၂)ဧကတို့အား ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်