ဟိုပုံး၊ ဝိုင်းမော်၊ဆီဆိုင်၊ နန်းယွန်းနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၈၆ ဒသမ ၇၅ ဧကဖျက်ဆီး

နေပြည်တော် ၂၉ ဒီဇင်ဘာ 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့်  ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၈ ရက်တွင်ဟိုပုံးမြို့နယ်၊ ဟွေ့လုံကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

အလားတူ ဝိုင်းမော်မြို့နယ်၊ တာကြားဟော့ကျေးရွာအနီး၌ အမြင့် ၁ လက်မမှ ၆ လက်မထိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၃၅ ဧက၊    ဆီဆိုင်မြို့နယ်၊ ထီအုံးကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၉ ဧက၊ နန်းယွန်းမြို့နယ်၊ လခြမ်းကျေးရွာ ၏ မြောက်ဘက်၌ အမြင့် ၁ လက်မမှ ၅ လက်မခန့်ထိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၁၄ ဒသမ ၇၅ ဧကခန့်၊ ပင်လောင်းမြို့နယ်၊ ချုံပုတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၈ ဧကတို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)