ဟိုပုံး ၁၃ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖို အလုံး(၁၁၅)လုံး ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက ကုန်းကျိုင်းကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်သိန်းမှ စွမ်းအားမြှင့်မီးဖို အသုံးပြုပုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွက် Carbon Credit များရရှိလာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့ဆေးမားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရုံးများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော မော်တော်ယာဉ်များ၊ Truck ကားများ၊ မော်တော်ဆိုင်ကယ်များ၊ Laptop ကွန်ပျူတာများ၊ Project များ စသည့် ထောက်ပံ့ပစ္စည်းများ ရရှိလာနိုင်ပြီး တိုးချဲ့ပညာပေးရေးလုပ်ငန်းများ ပိုမိုအရှိအဟုန်မြှင့် ဆောင်ရွက်လာနိုင်ခြင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်အေးအေးငြိမ်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးခင်မောင်သိန်းတို့က ပိန္နဲကုန်း ကျေးရွာပြည်သူများကို စွမ်းအားမြှင့်မီးဖိုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ပြန်/ဆက်)