ဟိုပုံး ၅   မေ

           

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ သိန်း(၁၀၀၀) ဒုတိယအရစ် ပေးအပ်ခြင်းကို မေလ(၅) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

           

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်ထောင်စုလွှတ်တော်ရန်ပုံ ငွေသိန်း(၁၀၀၀)ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)