ဟိုပုံး ဒီဇင်ဘာ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦး‌ဆောင်၍ ဒီဇင်ဘာ ၂၆ ရက် နံနက် ၅ နာရီခွဲက ကျင်းပခဲ့ကြသည်။

 

လူထုလမ်းလျှောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် လူငယ်မောင်မယ်များတို့က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမမှ စတင်ထွက်ခွာ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးအတိုင်း၊ အလင်းပွင့်ဓာတ်ဆီဆိုင်အထိ၊ ထိုမှ စုရပ်ဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမသို့ တစ်ပတ်စုပေါင်း လမ်းလျှောက်ကြပြီး စုပေါင်းကိုယ်ကာယ သွေးပူလေ့ကျင့်ခန်း အတွဲ(၁-၂) တို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။

 

ဟိုပုံးခရိုင်(ပြန်/ဆက်)