ဟိုပုံး ၂၀ ဧပြီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ထိန်းချုပ်ရေးနှင့် အသိပညာပေး လုပ်ငန်းများကို ဧပြီ ၂၀ ရက်တွင် ပြည်သူများ အသွားအလာများသည့် ပြည်ထောင်စုလမ်းမကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကျန်းမားရေးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ထုတ်ပြန်သည့် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ တပ်ပေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)