ဟိုပုံး နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီမှစတင်၍ အ.မ.က-၃ ကျောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလင်းကျော်ခိုင်၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌနာမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)