ဟိုပုံး ၃ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့တွင် ဇွန်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်က တိုက်ခတ်ခဲ့သောလေပြင်းကြောင့် ဟိုပုံးမြို့နယ်အတွင်းရှိ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟန်လွဲကျေးရွာဘုန်းတော်ကြီးကျောင်း အတွင်းရှိ ပေ (၁၂၀x၃၀) ဇရပ် (၁)ဆောင်၊ နမ့်ပါချီး ကျေးရွာ အုပ်စု၊ ဝမ့်မိန်းကျေးရွာရှိ နေအိမ်(၂)အိမ်နှင့် မိုင်းပျဉ်းကျေးရွာအုပ်စု၊ နားလုံကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ဆောက်လုပ်ဆဲဇရပ် (၁)ဆောင် အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သော ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ဇရပ်(၂)ဆောင်နှင့် နေအိမ်(၂)လုံးတို့ကို ရပ်ရွာမှစုပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


