နေပြည်တော် ၂၃ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ နယ်မြေ(၄)တွင် ယနေ့ ၁ နာရီခွဲက ဦးစိန်လတ် (ဘ) ဦးနေစိန်၏ နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း (၁၆၀)ပေ၊ အမြင့် (၁၀)ပေခန့်ရှိ အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အုတ်တံတိုင်း တည်ဆောက်ထားသည်မှာ နှစ်ကာလကြာမြင့်ခြင်း၊ ဟိုပုံးမြို့နယ်အတွင်း ယခုကာလအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခြင်း၊ ဟိုပုံး-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းများကြောင့် အုတ်တံတိုင်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အုတ်တံတိုင်းပြိုကျနေရာသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ဇာဝင်းနှင့် Rubust Goal ကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂျိုင်းလော(နာဂ)


