ဟိုပုံး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့"ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အစီအစဉ်အရ လွယ်အွန့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် အညီ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြု လုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေး ခြင်းနှင့်အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံးအိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးခြင်းကို ၂၀၂၀ မေ မှ ၂၀၂၁ နိုဝင်ဘာထိ ၁၈ လ ကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)


