ဟိုပုံး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှ စတင်ကာ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများကို အနောက်ရပ်ကွက်၊ နယ်မြေ(၂) အရိပ်ကုန်စုံဆိုင်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် တစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာ ၅၂၀၀ ကျပ်ဖြင့် ပိဿာ ၄၄၀ ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)