ဟိုပုံး   နိုဝင်ဘာ   ၃၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းများ နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ဟိုပုံးမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ရှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၁၄ ကျောင်း၊ အခြေခံပညာ မူလွန်ကျောင်း ၁၉ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၁၁၂ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ ၁၇ ကျောင်းရှိပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)